နေပြည်တော် ဇူလိုင် ၁၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦများ ပြန်လည်ဆောက်လုပ်မည့်မြေနေရာအား ရှင်းလင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် လူ၊ စက်ယန္တရားအင်အားတိုးမြှင့်၍ အင်တိုက် အားတိုက် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ခရေအိမ်ရာသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ခရေအိမ်ရာ တိုက်အမှတ် ၉၆ အား ပြန်လည်ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အပိုင်းလိုက်၊ အခန်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော တိုက်အမှတ် ၁၃၀၉ နှင့် ၁၃၀၇ တို့အား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ဆယ်တင်ပစ္စည်း များအား စနစ်တကျထိန်းသိမ်းထားရှိရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများအား ပြန်လည် ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လူအင်အားနှင့် စက်ယန္တရားတိုးမြှင့် ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းသို့ သွားရောက်ပြီး မြေထိန်းနံရံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လူအင်အားနှင့်စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လမ်းဘေးရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ