ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ‎ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ပင်းတယ ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင် ငွေတိုးပွားရေးစီမံကိန်းလုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတို့အတွက် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း(စက်ချုပ်)သင်တန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အကောင်အထည်ဖော်နိုင်မှုအနေနဲ့ သင်တန်းသူ/ သင်တန်းသား (၁၅)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး အသေးစားစက်မှုလက်မှုထူထောင်နိုင်သူ (၅)ဦးရှိခဲ့ပြီး၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာလည်း ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ စီမံကိန်း(၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာလည်း ဒေသအသေးစားစက်မှုလက်မှုဦးစီးဌာနအနေဖြင့် စီမံကိန်း (၂)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရန် ကျေးရွာအရောက် ကွင်းဆင်းခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ဒေသထွက်ကုန်ကြမ်းအခြေအနေ၊ ဈေးကွက်ရရှိမှုအခြေအနေနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ သဘောထားကိုရယူကာ ကော်မတီဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အနေနဲ့ ယခုလို MSMEs လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်စေလိုကြောင်း စသည်ဖြင့် တိုက်တွန်းပြောကြားပေးသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ စက်ချုပ်နည်း ပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတို့အတွက် သင်တန်းသူ/ သင်တန်းသားများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)