ပင်လုံ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းကောင်စီအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် ကတိသစ္စာခံယူခြင်းအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရှေးဦးစွာအခမ်းအနားကို တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ကျောင်းကောင်စီသီချင်းကို သံပြိုင်သီဆို၍ဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက ဆုံးမသြဝါဒစကားနှင့် ကျောင်းကောင်စီဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကျောင်းကောင်စီအမှု့ဆောင်အဖွဲ့၏ အမည်စာရင်းများကြေငြာ၍ ကျောင်းအုပ်ကြီးက တာဝန်ပေးအထိမ်းအမှတ်အလံများ ပေးအပ်ခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့နှင့် တစ်ကျောင်းလုံး ကတိသစ္စာခံယူခဲ့ကြပါသည်။
ထို့နောက် နိုင်ငံတော်သီချင်းစုပေါင်းသံပြိုင်သီဆို၍ ကျောင်းကောင်စီအဖွဲ့များအား လှည့်လည်ပြသကာ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)