မိုင်းပန်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(နမ့်တိန်း)၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

မိုင်းပန် ဇူလိုင် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း(နမ့်တိန်း)၌ ယနေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းအေးအေးအောင်က ကျောင်းသား/သူများအား (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲဆောင်ရွက်ခဲ့ပြီး သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့သည်။ ထို့နောက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေးနံရံကပ်စာစောင်ပြသခဲ့ပြီး အ.လ.က(နမ့်တိန်း)ကျောင်း၏ စာကြည်တိုက်ရှိစာအုပ်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)