ပေါင် ဇူလိုင် ၁၀
ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစက်ြာအခါတော်နေ့)တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဝါဆိုသင်္ကန်းကပ်လှူသူများ၊ ဘုရားဖူးသူများ၊ ရပ်ဝေး၊ ရပ်နီးမှ ခရီးသွားဧည့်သည်များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့ရောက်တိုင်း မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပူဇော်ခြင်း၊ လူငယ်များကလည်း အများပြည်သူသွားလာရာနေရာများတွင် မွန်ရိုးရာဝတ်စုံများဝတ်ဆင်၍ ဝါဆိုပန်းများ၊ အမွှေးနံ့သာများ ဆပ်ကပ်လှူဒါန်းနိုင်ရန် ကုသိုလ်ကောင်းမှုများပြုလုပ်ခြင်း၊ နေရာအများစုတွင် ဒေသခံပြည်သူများမှလည်း မွန်ရိုးရာအစားအသောက်များဖြင့် ဘုရားဖူးလာဧည့်သည်များအား စေတနာထက်သန်စွာဖြင့် စတုဒိသာများဖြင့် ကျွေးမွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ ကျောက်သင်္ဘောဘုရား၊ ဇင်းကျိုက်ရေတံခွန်နှင့် ဆင်ရွာရေတံခွန်တို့တွင်လည်း ရပ်ဝေးရပ်နီးမှ ဧည့်သည်တော်များက ဘုရားဖူးပြီးအပြန် ရေကစားကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)