လဲချားမြို့နယ်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လဲချား ဇူလိုင် ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာ‌ရေးဌာန၏ BHRiE Project နှင့် ဘေးအန္တရာယ်စီမံလျော့ချရေးနှင့်စီမံခန့်ခွဲရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ ‌နောင်ခမ်းခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက ဦးနန်းတင့်က အမှာစကားပြောကြားပြီး ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား သင်တန်းသား (၃၈)ဦးဖြင့် (၃)ရက်တာကာလအတွင်း စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)