ညောင်ရွှေမြို့၌ ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပ

ညောင်ရွှေ ဇူလိုင် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့၌ အောင်ချမ်းသာနေ့စဉ်ဆွမ်းလောင်းအသင်း၏ (၁၇)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ (ဝါဆိုလပြည့်နေ့) မွန်းလွဲ ၁ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်တော်လောင်းလှူပွဲတွင် ပင့်သံဃာအပါး ၄၅၀ ကျော်တို့သည် စုရပ်ဖြစ်သည့် နိဂြောဓာရုံဘုန်းတော်ကြီးကျောင်းမှ ဖောင်တော်ပြန်လမ်း၊ ၎င်းမှတဆင့် ခရေ(၁)လမ်း၊ ရုံးကြီးလမ်းအတိုင်း ကြွရောက်တော်မူရာ အလှူရှင်များက လမ်းဘေးဝဲယာတစ်လျှောက် ဆွမ်းဆန်တော်များ၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို လောင်းလှူခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်