မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းနှင့် အလှူငွေများ လှူဒါန်း

မိုင်းယောင်း ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းနှင့် အလှူငွေများကို ယနေ့တွင် လာရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ လှူဒါန်းရာတွင် တာချီလိတ်မြို့ ဆန်ဆိုင်းမှ မနန်းဝိုးတစ် မိသားစုက Face Shield အခု ၁၀၀၊ Mask  ၁၇၅၀ ခု၊ Cap အခု ၄၀၀၊ Exam-gloves ငါးဗူးနှင့် Spray(100mg) လေးဗူး၊ မိုင်းယောင်းမြို့၊ အမှတ်(၁)ရပ်ကွက်မှ အလှူရှင်တစ်ဦးက လက်ဆေးဆပ်ပြာရည် ၅ ဘူး၊ Mask ၂ ဘူး နှင့် အလှူငွေ ၁၀၀၀၀၀/- ကျပ်၊ အမှတ်(၇)ရပ်ကွက်မှ မင်းမဟော်ဆေးဆိုင် မိသားစုက Mask ၁၀ ဘူးနှင့် အလှူငွေ ကျပ် ၅၀၀၀၀/-၊ Were Wolf မိုင်းယောင်းလူငယ်အဖွဲ့မှ Mask ၁၂ ဗူး၊ Spirit သုံးဗူး၊ Sponsor နှစ်ဖာနှင့် Coffee နှစ်ထုပ်၊ အမှတ်(၃)ရပ်ကွက်မှ ဦးနန်ပျဲန်း မိသားစုက အလှူငွေ ကျပ် ၃၀၀၀၀/- တို့ကို အသီးသီး လာရောက်လှူဒါန်းခဲ့ကြသည်။

ထို့ပြင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ယာယီဆေးကုသဆောင်ရှိ အတည်ပြုလူနာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ နှင့် လုံခြုံရေးဝန်ထမ်းများအတွက် အလှူရှင်များမှ နံနက်စာ၊ နေ့လည်စာနှင့် ညနေစာ၊ ထမင်းဗူး၊ ခေါက်ဆွဲကြော်၊ သောက်ရေသန့်များ၊ Mask များ၊ လှေပေါ်ခေါက်ဆွဲနှင့် အလှူငွေများကို လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

နန်းစီဖေါင်း