ကျောက်ဆည်မြို့၌ ရေရရှိရေးနည်းလမ်းဖြင့် ကျေးရွာအုပ်စု (၁၀) အုပ်စုတွင် နွေသီးနှံစုံ (၅၈၀၇) ဧက စိုက်ပျိုး

ကျောက်ဆည် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ် (၁၂)ခု ရှိပြီး ရေရရှိရေးနည်းလမ်းဖြင့် တိုက်နယ် (၃)မှ ကျေးရွာအုပ်စု(၁၀)အုပ်စုတွင် နွေသီးနှံမျိုးစုံ (၅၈၁၇)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ထိုသို့ ရေရရှိရေးနည်းလမ်းဖြင့် နွေသီးနှံမျိုးစုံ စိုက်ပျိုးရာ၌ လက်ပန်ပင်ကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း (၁၇၆)ဧက၊ မယ်ဇယ်ပင်ကျေးရွာတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ မိုးကြိုနေကြာ (၁၉၀)ဧက၊ တံစိုးကျေးရွာအုပ်စုတွင် နွေနှမ်း၊ မိုးကြိုပဲတီစိမ်း(၃၅၂)ဧက၊ သူငယ်တော် ကျေးရွာအုပ်စုတွင် နွေနှမ်း၊ မိုးကြိုပဲတီစိမ်း(၁၉၅)ဧက၊ ပွတ္တိုင်ကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ဟင်းသီးဟင်းရွက် (၁၄၂၄)ဧက၊ မြောင်းဦးကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ကျွဲနွားစာ၊ မိုးကြိုနေကြာ (၆၆၀)ဧက၊ အနောက်သာဂရကျေးရွာအုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ၊ ကျွဲနွားစာ (၉၈၅) ဧက၊ ရွာပုလဲကျေးရွာအုပ်စုတွင် နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ငရုပ်သီးနှံ(၅၄၁)ဧက၊ ကတဲကျေးရွာအုပ်စုတွင် နွေစပါး၊ နွေးနှမ်း၊ မိုးကြိုပဲတီစိမ်း၊ ဟင်းသီးဟင်းရွက် (၉၀၄)ဧက၊ ပနန်ကျေးရွာအုပ်စုတွင်  နွေနှမ်း (၃၈၀) ဧက စုစုပေါင်း (၅၈၀၇) ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဧပြီ (၄) ရက်နေ့ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

နွေသီးနှံနှင့်မိုးကြိုသီးနှံများ လျာထားချက် ပြည့်မီကျော်လွန်ရေးနှင့် မျှော်မှန်းအထွက်နှုန်း ရရှိရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့နှင့် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာဦးစီးဌာနများမှ ဒေသနှင့်ကိုက်ညီသည့် မျိုးများ၊ စိုက်နည်းစနစ်များ၊ အပင်ပြုစုနည်းများ စနစ်တကျ ကူညီပေးလျက်ရှိပြီး   စိုက်ပျိုးရေများ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)