ပြည်ကြီးတံခွန် ဇူလှိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ ပြည်သူ့စာကြည့်တိုက်အောက်ထပ်တွင် စာပေချစ်မြတ်နိုးသူ book club အဖွဲ့ဝင်များနှင့် ယနေ့နံနက် ၁၀:၃၀က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမကြီး သင်းသင်း(မန္တလာ)က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဗဟုသုတများကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာဖို့ရန်၊ အားလပ်ချိန်များတွင် စာများများ ဖတ်ရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး ယင်းစာဖတ်ဝိုင်း တက်ရောက်လာသူ book club အဖွဲ့များကလည်း အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင်