တံတားဦးမြို့ အမှတ် (၁) ရပ်ကွက် စံပယ်ဖြူ စတိုးဆိုင်တွင် မီးလောင်မှုဖြစ်ပွား

တံတားဦး ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့ အမှတ် (၁) ရပ်ကွက် သာဂေါင်ရပ် “စံပယ်ဖြူ” စတိုးဆိုင်အတွင်း မီးပလပ်ခုံအပူလွန်ကဲ၍ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ ဇူလိုင်လ (၇) ရက်နေ့ ည (၇) နာရီ (၅၅) မိနစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တံတားဦးမြို့ အမှတ် (၁) ရပ်ကွက် သာဂေါင်ရပ် “စံပယ်ဖြူ” စတိုးဆိုင်အတွင်း မီးပလပ်ခုံ အပူလွန်ကဲ၍ လျှပ်စစ်ဝါယာရှော့ဖြစ်ရာ “စံပယ်ဖြူ” စတိုးဆိုင်ပိုင်ရှင် စိုင်းဝေယံစိုး (၂၇) နှစ်ရှိနေချိန်တွင် မီးစတင်လောင်ကျွမ်းနေသဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးရုံးသို့ ဆက်သွယ်အကြောင်းကြားရာ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်အတူ ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည (၈) နာရီ (၁၀) မိနစ်အချိန် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)