မုဒုံမြို့နယ်ရှိ သရေကွင်းမှိုင်းခံရုံ မီးလောင်မှုဖြစ်ပွား

မုဒုံ ဇူလိုင် ၈

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက် ကန်ကြီးသတိပဋ္ဌာန် (၆)လမ်းရှိ သရေကွင်းအလုပ်ရုံရှိ သရေကွင်းမှိုင်းခံရုံတွင် ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ်က မီးစတင်လောင်ကျွမ်းခဲ့သည်။

ဖြစ်စဉ်မှာ သရေကွင်းအလုပ်ရုံရှိ ရော်ဘာသရေကွင်း မှိုင်းခံထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် တပ်ဖွဲ့ဝင်များ၊ ကမာဝက်နယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပြီး မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၇ မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ရော်ဘာမှိုင်းခံရုံ အလျား (၁၅)ပေ၊ အနံ (၁၅)ပေ၊ အမြင့် (၁၅)ပေ မှိုင်းရုံတစ်ရုံ၊ ရော်ဘာပေါင် (၁၇၀၀) ခန့် ဆုံးရှုံးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)