ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖွင့်

ကျောက်တန်း ဇူလိုင်

ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုခေါင်းလျှော်ရည်နှင့် ဆပ်ပြာအမျိုးမျိုးပြုလုပ်ခြင်းသင်တန်းအား ယမန်နေ့ နံနက်(၁၀)နာရီတွင် စင်မကော်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သန်လျင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် တစ်နိုင်တပိုင် လူသုံးကုန်ဆပ်ပြာနှင့် ခေါင်းလျှော်ရည်သင်တန်းမှတတ်မြောက်သင်ယူပြီး မိမိမိသားစုတစ်ဦးပိုင်၊ အစုအဖွဲ့များဖြင့် စုပေါင်းဆောင်ရွက်ကြရန်၊ မိသားစုဝင်ငွေတိုးဆောင်ရွက်သွားကြရန်တို့အား မှာကြားပြောကြားခဲ့သည်။

ဆက်လက်၍ ကျောက်တန်းမြို့နယ်ဦးစီးမှူးမှ ဦးထွန်း၀င်လတ်မှလည်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များပြောကြားပြီး သင်တန်းမှသင်ယူမှုများကို အကျိုးရှိရှိအသုံးချသွားကြရန်တို့ကို ဆက်လက်ပြောကြားခဲ့သည်၊၊

ထို့နောက် ကျေးရွာရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား (၇.၇.၂၅)မှ (၁၁.၇.၂၅)ထိ ၅ ရက်တိုင် သင်တန်းသား ၂၀ ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)