မင်္ဂလာတောင်ညွန့် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းရပ်ကွက်တွင် ဇူလိုင် ၅ ရက် နံနက်(၁၁)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မြို့နယ်လဝကမှူး ဦးလင်းထိန်ဦးဆောင်သောအဖွဲ့မှ မလွှကုန်းရပ်ကွက်ဓမ္မာရုံတွင် ကာယကံရှင်များထံသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ရန် ကျန်ရှိနေသူများအား ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)