ပျော်ဘွယ် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းပဒေများအကြောင်းအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင်၇ရက် မွန်းလွဲ၁နာရီက ကုန်းသာကျေးရွာတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေများကို ကျယ်ပြန့်စွာသိရှိရန်လိုအပ်ခြင်းကြောင့် ယခုကဲ့သို့ ရှင်းလင်းဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် မိဘပြည်သူများအနေဖြင့် မိမိနေရပ်သို့ ပြန်လည်ရောက်ရှိပါက ထပ်ဆင့်ရှင်းလင်းဆွေးနွေးနိုင်ရေးနှင့် မြို့နယ်ဒုတိယဥပဒေအရာရှိ ဦးရဲမင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက်လာသည့် ပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အလားတူ ရွှေညောင်ဖူးကျေးရွာအုပ်စုတွင်လည်း အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)