ဝမ်းတွင်း ဇူလှိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ငလျင်ဘေးခံရသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ဆန်ရိက္ခာထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ထောက်ပံ့သောဆန်ရိက္ခာထောက်ပံ့ခြင်းနှင့် စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ငလျင်ဘေးသင့် ပြည်သူ (၁၃၅) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီမှ ထောက်ပံ့သောဆန်ရိက္ခာများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ငလျင်ဘေးသင့်ပြည်သူ (၁၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)