ပြင်ဦးလွင်မြို့နယ်တွင် ကျေးလက်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြင်ဦးလွင် ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် နာရသိန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ထုံးဘို-နောင်လှိုင်-သပြေရေကျေးရွာချင်းဆက်လမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ပြင်ဦးလွင်မြို့နယ်တာဝန်ခံနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါလမ်းကို အဆင့်မြင့်တင်ဆောင်ရွက်ပေးခြင်းအားဖြင့် အကျိုးပြုကျေးရွာ (၃) ရွာ၊ အိမ်ခြေ (၈၂၂) အိမ်၊ လူဦးရေ (၃၅၃၅) ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကျေးလက်ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ်ဖောက်‌ကား‌ရေးတို့ကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း တာ၀န်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သွေးသွေး (ခရိုင်/ပြန်/ဆက်)