လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လယ်ဝေး ဇူလိုင် ၇

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ကွမ်းခြံကျေးရွာ၊ ကွင်းအမှတ် ၁၇၃၂၊ တောင်သူ ဦးခင်မောင်ရင်၏ ရေဆင်းပေါ်ဆန်းစပါး ၃ ဧက၊ စိုက်ပျိုးဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးကာ သွင်းအားစုများပေးအပ်သည်။ ထို့နောက် ဒေသခံတောင်သူများနှင့်‌တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊နည်းလမ်းများ မှန်ကန်စွာအသုံးချနိုင်ရေး၊ မိမိတို့ပတ်ဝန်းကျင်ရှိစွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာများပြုလုပ်အသုံးပြုရေး၊ ရာသီအလိုက်သုံးသီးအပြည့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းထက်ကျော်လွန်အောင် ထွက်ရှိစေရေးအတွက် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ရေးဆွေးနွေးပြောကြားသည်။ ထို့နောက် ဒေသခံတောင်သူများက လိုအပ်ချက်များတင်ပြရာ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ရေလည်ကွေ့ကျေးရွာရှိ ဦးမျိုးမျိုး၏ ဝက်မွေးမြူရေးခြံနှင့် ဒေါ်ခင်လှ၏ ဝက်မွေးမြူရေးခြံများတွင် အသားတိုးဝက်များမွေးမြူထားရှိမှုနှင့် ကာကွယ်ဆေးထိုးနှံနေမှုများအားကြည့်ရှုအားပေးကာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။ ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အေလာတိဏ္ဏဘုရား၊ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ကာ ဆရာတော်အား ဆန်၊ ဆီ၊ ခေါက်ဆွဲ‌ခြောက်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ပျံချီအ-ထ-က(စက်စိုက်မွေးကျောင်း)မှ ကျောင်းသားများ အိပ်ဆောင် ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား၍ စောင်နှင့်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ ဆိုလာမီးအိမ်များနှင့် မီးလုံးများပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်( ပြန်/ဆက်)