ဇမ္ဗူသီရိ ဇူလိုင် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ အသက် (၃) နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်း အမှတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသက် (၃)နှစ်မှ (၅)နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ တွင်နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ ါတက်ရောက်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံး မှညွန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီးနောက်သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသား၊သင်တန်းသူများ က သီချင်း၊ ကဗျာများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် သင်တန်းသား၊ သင်တန်းသူများ ပြုလုပ်ထားသော သင်ထောက်ကူပစ္စည်းများ ပြသခြင်းအား တာဝန်ရှိသူများ ကြည့်ရှုအားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)