ကျောက်ဆည်မြို့နယ်တွင် စားအုန်းဆီ ပိဿာ ၁၄၃၀ ရောင်းချ

ကျောက်ဆည် ဇူလိုင်  ၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ အလှည့်ကျစနစ်ဖြင့် စားအုန်းဆီရောင်းချပေးလျက်ရှိရာ ဇူလိုင် ၆ ရက်က စားအုန်းဆီပိဿာ ၁၄၃၀ ကို  ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးသောစားအုန်းဆီများကို Resources Group Trading Co,Ltd မှ သတ်မှတ် ရည်ညွှန်းဈေး တစ်ပိဿာလျှင် ငွေကျပ် ၆၀၈၀ ဖြင့် ဝယ်ယူခဲ့ပြီး ရောင်းဈေးတစ်ပိဿာလျှင် ငွေကျပ် ၇၁၆၅ နှုန်းဖြင့် နေလသုခ-၂ စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ အရှေ့သံရွာကျေးရွာ၊ အေးကျေးရွာ၊ သပြေကုန်းကျေးရွာများသို့ ရောင်းချပေးခဲ့ကြောင်း ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

စုစုအေး (ကျောက်ဆည်)