နမ့်စန်တွင် GEC ပညာရေးငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုချီးမြှင့်

နမ့်စန် (တ) ဇူလိုင် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိလက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းက အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော် က  လူရည်ချွန် ဆုရရှိခဲ့သော အသင်းသား ဦးမိုးနိုင်၏ သမီး မဖြူစင်ကြယ် (Grade-11)  ကို ပညာရည်ချွန် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၅သောင်းအားဂုဏ်ပြုပေးအပ်ခဲ့သည်။

          ထို့နောက် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်း မှတာဝန်ရှိသူများက တက်ရောက် လာသော အသင်းသားများကို စုစုပေါင်း ငွေကျပ် သိန်း ၃၀ကျော် တန်ဖိုးရှိ ဗလာမပါ ငွေသား ကံစမ်းမဲများကို မဲဖောက်၍ ပေးအပ်ခဲ့ပြီး အသင်းသား ၅၄၃ ဦး ၏ စုဆောင်းငွေပေါ်အတိုး ကျပ်သိန်း ၁၄၀  နှင့် အစုပေါ်အမြတ်ငွေ ၃၁၁၉၅၁၄ ကျပ်တို့ကို စနစ်တကျခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

                                                                             သူရအောင်(နမ့်စန်)

          ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် GEC ပညာရေးငွေစုငွေချေး သမဝါယမ အသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်၉နာရီခွဲ က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း(နမ့်စန်)သရဖီခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်းက အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူရည်ချွန် ဆုရရှိခဲ့သော အသင်းသား ဦးမိုးနိုင်၏ သမီး မဖြူစင်ကြယ် (Grade-11)  ကို ပညာရည်ချွန် ဂုဏ်ပြု ချီးမြှင့်ငွေကျပ် ၅သောင်းအားဂုဏ်ပြုပေးအပ်ခဲ့သည်။

ထို့နောက် GEC ပညာရေးငွေစုငွေချေး သမဝါယမအသင်းမှ တာဝန်ရှိသူများက တက်ရောက်လာသော အသင်းသားများကို စုစုပေါင်း ငွေကျပ် သိန်း ၃၀ကျော် တန်ဖိုးရှိ ဗလာမပါ ငွေသားကံစမ်းမဲများကို မဲဖောက်၍ ပေးအပ်ခဲ့ပြီး အသင်းသား ၅၄၃ ဦး ၏ စုဆောင်းငွေပေါ်အတိုး ကျပ်သိန်း ၁၄၀နှင့် အစုပေါ်အမြတ်ငွေ ၃၁၁၉၅၁၄ ကျပ်တို့ကို စနစ်တကျခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)