မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ ဇူလိုင် 

ရန်ကုန်တိုင်းဒေသကြီး၊  မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် ရပ်ကွက်ကျေးရွာနေ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်လည်နေရာချထားရေးရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်းဦးစီးမှုးရုံးမှ  လ.ဝ.ကမှူး ဒေါ်ယုယုသော်နှင့် ဝန်ထမ်းများက ပြန်လည်နေရာချထားရေးရပ်ကွက် အေးသာယာအပိုင်ရုံးတွင် အ.မ.တ နံပါတ် ၃ ခေါက်ချိုးကတ် ကိုင်ဆောင်ထားသော အသက်(၁၆)နှစ်နှင့်အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိ‌ရေးကို မြေပြင်ကွင်းဆင်း ဆောင်ရွက်‌ပေးလျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ၊ ရပ်ဖများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း