ခိုလမ် ဇူလိုင် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှင့် ကျောင်းအကျိုးဆောင် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က အ.ထ.က(ခိုလမ်)၊ မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ခိုလမ်)၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်က အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ဦးဝင်းတင့်မှ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်က ၂၀၂၄_၂၀၂၅ ပညာသင်နှစ် နှစ်ပတ်လည်အစီရင်ခံစာ ရှင်းလင်းတင်ပြခြင်း၊ အမှုဆောင်အဟောင်းများ နှုတ်ထွက်ခြင်းနှင့် အမှုဆောင်အသစ်များ ရွေးချယ်တင်မြှောက်ပုံနည်းစနစ်ကို ရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်း စသည်တို့ကို ရှင်းလင်းပြောကြားပေးခဲ့ပြီး တက်ရောက်လာသော မိဘ၊ ဆရာများအားလုံးတို့က အမှုဆောင်အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ထို့နောက် မိဘဆရာအသင်းဥက္ကဋ္ဌ ဦးကျော်စိန်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)