ရန်ကုန် ဒီဇင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ရေးအတွက် သိမ်ဖြူလက်ဝှေ့ရုံရှိ Community Based Facility Quarantine Centre တွင် အသွား အလာ ကန့်သတ်ထားသူ (၃၈) ဦးထံမှ နှာခေါင်းနှင့်အာခေါင်းတို့ပတ်များ (ပထမအကြိမ်) ရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန Swab Team မှ တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများနှင့် အနီးကပ်ထိတွေ့ထားသူ Primary Contact (၃၈) ဦးအား Rapid Diagnosis Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၁) ဦးသာ ရှိခဲ့သည်။ ယခုစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါပိုး Negative ထွက်ရှိသူ (၃၇) ဦးအား Quarantine Centre တွင် ဆက်လက်စောင့်ကြည့် ထားမည်ဖြစ်ပြီး ဒုတိယအကြိမ် ပြန်လည်စစ်ဆေးပေး သွားမည်ဟု သိရသည်။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ (၁) ဦးအား ဆေးကုသမှု ဆက်လက်ခံယူနိုင်ရေးအတွက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ သိမ်ဖြူလက်ဝှေ့ရုံတွင် အသွားအလာကန့်သတ်ထားသူ(၃၈)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများကို မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဥမ္မာမြင့်၏ ဦးဆောင်မှုဖြင့် Swab Team မှ ဒေါက်တာဟေမာဇော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)