တပ်ကုန်းမြို့နယ်၌ ငလျင်ဘေးကြောင့် ထိခိုက်ခံရသည့် တစ်စိတ်တစ်ပိုင်းပျက်နှင့် ပြိုပျက် အိမ်များ ထောက်ပံ့နိုင်ရေး မြန်မာနိုင်ငံကြက်ခြေနီမှ စာရင်းများပြုစုဆောင်ရွက်

တပ်ကုန်း ဇူလိုင် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများအတွင်း  မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံရသည့် တစ်စိတ်တစ်ပိုင်းပျက်နှင့် ပြိုပျက် အိမ်များ ထောက်ပံ့နိုင်ရေး မြန်မာနိုင်ငံကြက်ခြေနီဗဟိုနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်၍ စာရင်းများပြုစုဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဘုရင့်နောင်ရပ်ကွက်၊ မြို့လယ်ဝေပုလ္လစာသင်တိုက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုစာရင်းစုပြုရေးအဖွဲ့တွင် မွန်ပြည်နယ်၊ ဒုပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်လေးလေးခက်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များက ဘုရင့်နောင်ရပ်ကွက်အတွင်း စာရင်းရှိ ပြိုပျက်အိမ် ခုနှစ်လုံး၊ စာရင်းရှိ တစ်စိတ်တစ်ပိုင်ပျက်အိမ် ၂၀၅ လုံးတို့ကို သက်ဆိုင်ရာ အိမ်ထောင်စုဝင်အား ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်သည့် အကြောင်းအရာ စာရင်းများပြုစု ရေးသွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်