တန့်ယန်း ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက အောင်တော်မူစေတီတော်၌ ကျင်းပပြုလုပ်သည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် အဖွဲ့ဝင်များက ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူများအား စိုက်ပျိုးမည့်သစ်ပင်ပျိုးပင်များကိုပေးအပ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ချယ်ရီ၊ ယူကလစ် စုစုပေါင်း (၃၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)