မြောက်ဥက္ကလာပ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၀န်ထမ်းသားသမီးများအား သင်ထောက်ကူပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းများအား အဆိုပါရုံးခန်းမတွင် ပေးအပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် မိမိတို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၀န်ထမ်းမိသားစု၀င် သားသမီးများအား သင်ထောက်ကူပစ္စည်း၊ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်၊ တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးအား သင်ထောက်ကူပစ္စည်းနှင့် ထောက်ပံ့ငွေများ တာ၀န်ရှိသူများက ပေးအပ်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ကြသည်။
ထို့သို့ ထောက်ပံ့ပေးရာတွင်၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်၊ တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးအား သင်ထောက်ကူပစ္စည်းနှင့် ထောက်ပံ့ငွေ စုစုပေါင်းတန်ဖိုး ၆၄၅၀၀၀ ကျပ်တိတိအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)