အင်းစိန်မြို့နယ်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်နှစ်ပါးတို့အား တတိယအကြိမ်မြောက် ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလအခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ ဝဇိရသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၂၉)ရက်နေ့က ကျေးဇူးတော်ရှင် ရွာမဆရာတော်ဘုရားကြီးနှင့် အောင်ဆန်းတောရတပ်ဦး ဆရာတော်ဘုရားကြီး(၂)ပါးတို့အား အာစရိယပူဇာကန်တော့ မင်္ဂလာနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရမှ ဆက်ကပ်အပ်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါးတို့အား တတိယအကြိမ်မြောက် ထပ်ဆင့်ဂုဏ်ပြုပူဇော်သည့် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကြီးနှင့် တိုက်ခွဲများ၏ အဓိပတိမဟာနာယကဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်ကြီးထံမှ
တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များက ဆရာတော်အရှင်သူမြတ်များအား ပူဇော်ဖွယ်ပစ္စည်းများဖြင့် ပူဇော်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သာသနာတော်ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါးအား တတိယအကြိမ်မြောက် ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြရာ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ထပ်ဆင့်ဂုဏ်ပြုအပူဇော်ခံ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာဓဇဓမ္မာစရိယ အသောကာရုံ(ရွှေကျင်)ကျောင်းတိုက် ဦးစီးပဓါနနာယက ဘဒ္ဒန္တနန္ဒသာရမထေရ်မြတ်အား အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်က အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ အနန္တဂုဏ်ရည်ပရိယတ္တိစာသင်တိုက် ဦးစီးပဓါနနာယက ဘဒ္ဒန္တဃောသိတအရှင်မြတ်အား အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်က အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ထပ်ဆင့် ဂုဏ်ပြုဆက်ကပ်ခဲ့ကြပြီး အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်က သာသနာရေးဆိုင်ရာ လျှောက်ထားတင်ပြခဲ့သည်။

ထို့နောက် အင်းစိန်မြို့နယ်အောင်ဆန်း တော်ရတပ်ဦးကျောင်း၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာတိုက်ခွဲ ဦးစီးပဓါနနာယက၊ မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်နာယက အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သီရိကမ္မ ဋ္ဌာနာစရိယ ပြည်တွင်းပြည်ပကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များကတရားတော်မြတ်ကိုနာယူခဲ့ကြပြီး ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ပြန်/ဆက်)