သန်လျင်မြို့နယ်၌ မိုးစပါး (၅၉၅၀၂)ဧက ပြည့်မီရေးအတွက် စတင်စိုက်ပျိုးလျက်ရှိ

ရန်ကုန် ဇူလိုင် ၃

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ယခုနှစ်မိုးပါးစိုက်ပျိုးရာသီတွင် တောင်သူများ သတ်မှတ်ဧက ပြည့်မီရေးအတွက် စတင်စိုက်ပျိုးလျက်ရှိသည်။

သန်လျင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်တောင်သူများအတွက် မျိုးစပါး၊ ဓါတ်မြေသြဇာနှင့် သွင်းအားစုများအပြင် စိုက်ပျိုးနည်းပညာများကို ပံ့ပိုးကူညီပေးလျက်ရှိပြီ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့က လျာထားဆောင်ရွက်လျက်ရှိသော တောင်သူများ သတ်မှတ်စိုက်ဧကပြည့်မီရေးအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများအား စိုက်ပျိုးရေးဦးစီးဌာန ကွင်းတာဝန်ခံဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုနှစ် သန်လျင်မြို့တစ်မြို့နယ်လုံးတွင် မိုးစပါးဧက (၅၉၅၀၂) ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)