သုံးခွ ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဇွန် (၃၀) ရက်နေ့ နေ့လယ် (၁၂) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရက်တို့အား ပြောကြားခဲ့သည်။ ထို့နောက် ဒေါ်အေးအေးခိုင် (အလယ်တန်းပြဆရာမ)က စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများအား ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ရုံးမှပြသထားသော သုတရသစာအုပ်များနှင့် နံရံကပ်စာစောင်များအား ကျောင်းသား/သူများနှင့် ဆရာ ဆရာမများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)