ရန်ကုန် ဇူလိုင် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ခကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (P-fizer)ကို ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသင်းသင်းနိုင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (P-frizer) ကို သံဃာတော်များ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူများ၊ ဝန်ထမ်းများနှင့် ကိုဗစ်(၁၉)ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး၍ ၆ လပြည့်ပြီးသည့် ပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ကမာရွတ်မြို့နယ်အတွင်း ပြည်သူများအား မြို့နယ်ပြည်သူ့ကိန်းမားရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်ရှိရာ အဆိုပါကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသော ပြည်သူများအား ရပ်ကွက်အလိုက် သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်တိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)