ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာရေးဆရာ အညတရဘိက္ခု(ဗုဒ္ဓဘာသာကျောင်း) ရေးသားသည့် ဒါလေးများနှင့် အခြားအတွေးအမြင်ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။ 

ဆွေးနွေးပွဲတွင် ဒါလေးများနှင့် အခြားအတွေးအမြင်ဆောင်းပါးများ စာအုပ်ကို ရေးသာသည့် စာရေးဆရာ အညတရဘိက္ခု(ဗုဒ္ဓဘာသာကျောင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရွာ ဇောတိကာရုံကျောင်း၊ ပဓာနနာယကဆရာ‌တော် အရှင်ပညာသာမိက အဖွင့်မိန့်ကြားတော်မူပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ နာယက ဦးညွှန့်အောင်၊ ဦးစိုင်းဆမ်တစ်တို့က အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က စာဖတ်ဝိုင်းကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဒါလေးများနှင့် အခြားအတွေးအမြင် ဆောင်းပါးများစာအုပ်မှ အတွေးအမြင်များ၊ ဗဟုသုတရဖွယ်အကြောင်းအရာများနှင့် စာပေဆိုင်ရာအကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)