ကျောက်ပန်းတောင်းမြို၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သဘာဝဘေးဒဏ်မှကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

ကျောက်ပန်းတောင်း ဇူလိုင် ၃

ကျောင်းသား၊ ကျောင်းသူများအနေဖြင့်သဘာဝဘေးဒဏ်မှ ကြိုတင်ကာကွယ်ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ငလျင်ဘေး၊ မီးဘေး၊ မုန်တိုင်းအန္တရာယ်၊ ရေပေးပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မေဖြူစိုးက ငလျင်ဘေး၊ မီးဘေး၊ မုန်တိုင်းအန္တရာယ်၊ ရေဘေးပညာပေးအကြောင်းအရာများကို ကျောင်းသားလူငယ်များ ထိခိုက်နစ်နာပျက်စီးဆုံးရှုံးမှုမရှိစေရန်နှင့် သဘာဝဘေးဖြစ်ပွားပြီးပါ ကလည်းဆက်သွယ်ရမည့် ဖုန်းနံပါတ်များဆောင်ရှန်၊ ရှောင်ရန်များအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့​နောက် ဝန်ကြီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင် စောင်ရေ(၅၀၀) အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သဲသဲ (ပြန်/ဆက်)