သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်သာ ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ မင်းစု(အ.ထ.က) ကျောင်းခန်းမ၌ ဇူလိုင်လ (၂) ရက် နံနက် (၉) နာရီခွဲအချိန်က သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဇော်ဝေနိုင်က ဌာနလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရေဘေးအကြောင်း အသိပညာပေးဟောပြောခြင်း ငလျှင်ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်အကြောင်းအရာ စသည်များအား အသီးသီးပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝေနိုင်နှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ အသိပညာပေးလက်ကမ်းစာစောင် (၁၅၀) စောင်အား ကျောင်းသား/သူများအား ဝေငှပေးကမ်းခဲ့ကြကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝေနိုင်နှင့်ဝန်ထမ်းများ၊ မင်းစု(အ.ထ.က)မှ ကျောင်းသား/ ကျောင်းသူ (၁၅၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)