နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ စာရေးဝန်ထမ်း ကြီးကြပ်သင်တန်းဖွင့်လှစ်

ရန်ကုန် ဇူလိုင်

စာရေးဝန်ထမ်းကြီးကြပ်သင်တန်း အမှတ်စဉ်(၉၈)သင်တန်းဖွင့်ပွဲကို ဇွန် ၃၀ ရက်နေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ရှိ ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ သင်တန်းသား ၂၁ ဦး၊ သင်တန်းသူ ၅၃ ဦး စုစုပေါင်း ၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကိုဇွန် ၃၀ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)