မှော်ဘီ ဇူလိုင် ၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုလဝကမှူး ဒေါ်ဝေသူဟန်နှင့်ဝန်ထမ်းများက ရွှေမြယာကျေးရွာသို့လည်းကောင်း၊ ဒုလဝကမှူး ဒေါ်မျိုးသူဇာနှင့်ဝန်ထမ်းများက ဝါးနက်ချောင်းကျေးရွာသို့လည်းကောင်း၊ ဒုလဝကမှူး ဦးသန့်ဇင်နှင့်ဝန်ထမ်းများက ညောင်ကုန်းကျေးရွာသို့လည်းကောင်း၊ ဒု/လဝကမှူး ဦးထွဋ်ခေါင်ဝင်းနှင့်ဝန်ထမ်းများက ဘန့်ဘွေးကုန်းကျေးရွာအုပ်စုတွင်လည်းကောင်း၊ ကျေးရွာနေပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသူများအား အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်လုပ်ပေးခြင်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ရွေ့ပြောင်းနေထိုင်သူများကိုလည်း ကော်မတီဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဇော်