မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)သို့ တက်ရောက်

ချမ်းအေးသာစံ ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၅)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဇွန်လ(၃၀)ရက်နေ့မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင် ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး အတွင်း ရေမြေကောင်းမွန်သည့် စိုက်ပျိုးနိုင်သော လယ်ယာမြေများ ထိခိုက်လျော့နည်းမှုများမရှိစေရေး၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီ၊ စစ်ဆေးကြပ်မတ်ကာ ထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုထားသည့်လုပ်ငန်းများ ကိုလည်း သတ်မှတ်ခွင့်ပြုထားသည့် နည်းလမ်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းနှင့် ယာမြေစပါးစိုက်ပျိုး ဧရိယာများအဖြစ်မှ စပါးစိုက်လယ်မြေအဖြစ်သို့ ပြောင်းလဲနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးချစ်ကိုကိုက လယ်ယာမြေဥပဒေပုဒ်မ-၃၀(က)(ခ)အရ အခြားနည်း အသုံးပြုခွင့် လျှောက်ထားလာမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်တင်ပြရန်လွှဲပြောင်းပေးပို့လာ သည့် စိစစ်ရန်ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသူများက လယ်ယာမြေ စီမံခန့်ခွဲမှုလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍အထွေထွေကိစ္စရပ် များဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်

ထွန်းထွန်းနိုင်