အလုံ ဇွန် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်အုန်းနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းချိတ်ဆွဲထားမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာပေးချက်များနှင့်ပတ်သက်၍ အများပြည်သူများ ပိုမိုသိရှိနိုင်ရေးအတွက် ဗီနိုင်းများချိတ်ဆွဲထားခြင်းကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” ဗီနိုင်းကို ထပ်မံချိတ်ဆွဲဆောင်ရွက်ခြင်းတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယောဧရာ (ပြန်/ဆက်)