အမရပူရ ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇း၃၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆေးဝါးတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တိုင်း/ ခရိုင်/ မြို့နယ်ဝန်ထမ်းများ စုစုပေါင်း အင်အား(၈၀၀)ဦးဖြင့် ကျွန်း၊ ခရေ၊ မယ်ဇယ်၊ စိန်ပန်းပြာ၊ ပိတောက်၊ ယင်းမာ၊ တမာ၊ ကံ့ကော်၊ တပေဘူတ၊ ပျဉ်းကတိုး၊ သင်္ဘောတည် စသည့် သစ်မျိုး (၁၁) မျိုး၊ စုစုပေါင်း (၈၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)