ကျောင်းနေအရွယ်ကလေး ကျောင်းနေရေး ပြည်သူများအား အသိပေးအသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောက်တံတား ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ကျောင်းနေအရွယ်ကလေးကျောင်းနေရေး ပြည်သူများအား အသိပညာပေးဆွေးနွေးပွဲကို ဇွန် ၂၅ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံတားမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အမှာစကားပြေကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်လှလှမေမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင် မြို့မိမြို့ဖ ဦးသိန်းနိုင်မှ ကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)