ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဒလ ဇွန် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ စာရေး ဆရာဒေါက်တာကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန်စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာ၀င်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လူငယ်တစ်ဦးမှ  စာရေးဆရာဒေါက်တာကျော်စိန်ရေးသားသည့် လူငယ်လမ်းညွှန် စာအုပ်ပါ အကြောင်းအရာများမှ လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် လူငယ်များအတွက် ပညာရေးသည်အဓိကရည်မှန်းချက်ပင်ဖြစ်‌ကြောင်း၊ အရွယ်သုံးပါးတွင် လူငယ်အရွယ်သည် ပညာရှာမှီးရမည့်အရွယ်ပင်ဖြစ်ကြောင်း၊ ပညာဆိုသည်မှာအသိဉာဏ်၊ အများအားဖြင့်သိတတ်သောဉာဏ်၊ ဆည်းပူးယူရသောအသိဉာဏ်၊ ထိုအသိဉာဏ်ကိုရရာရကြောင်း ရှာဖွေဆည်းပူးအပ်သောအတတ်ဟု အဓိပ္ပာယ်ရကြောင်း၊ ကျွန်ုပ်တို့မြန်မာလူမျိုးများသည် ပညာကိုလွန်စွာတန်ဖိုးထားတတ်ကြကြောင်း၊ ပညာရွှေအိုးလူမခိုး ဟုလည် းတင်စားပြောဆိုကြကြောင်း၊ စာရိတ္တကောင်းသောလူငယ်လေးတွေဖြစ်အောင်၊ အသိဉာဏ်ပညာပြည့်၀သော လူငယ်လေးတွေဖြစ်လာအောင်၊ ကိုယ်ကျင့် တရားနဲ့အတူ တာ၀န်ယူရဲတဲ့စိတ်၊ တာ၀န်ခံရဲတဲ့ စိတ်ရှိအောင် ရိုးသားဖြောင့်မတ်သူ၊ ကျေးဇူးသိတတ်သူ၊ သူရဲကောင်းစိတ်ဓာတ်၊ အာဇာနည်စိတ်ဓာတ်ရှိသူတွေဖြစ်အောင် ပညာအသိဥာဏ်များတိုးပွား‌အောင် ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ ပညာဉာဏ်ဖြင့်သာအမှားအမှန်ကို‌ ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်‌ကြောင်း ဆွေးနွေးရာ တက်ရောက်လာသူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

ဒလမြို့နယ်ရုံးအနေဖြင့် ပြည်သူများစာ‌ပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲများနှင့် စာအုပ်ပြပွဲများ ပြုလုပ်ပေးလျက်ရှိသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)