ဆိပ်ကြီးခနောင်တို ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ချောင်းဝိုင်းလေးရပ်ကွက်၊ ဖွံဖြိုးရေးလမ်းမကြီးဘေးရှိ ကွင်းအမှတ် ၁၈၀၊ ဧရိယာ ၂ ဧကရှိ တောင်သူဦးဇော်ဦး၏ လယ်မြေတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးသရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်မှ(Seeder)ဖြင့်စိုက်ပျိုး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောင်မြင်ဖြစ်ထွန်း၍ အထွက်နှုန်းတိုးတက်ရရှိနေမှု၊ နိုင်ငံအတွင်း(Seeder)အသုံးပြု၍ စိုက်ပျိုးနေမှုများအား ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးလှဌေးမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ တောင်သူများသိရှိစေရန် ရှင်းလင်းဆွေးနွေးရာ၊ တောင်သူ(၁)ဦးမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)နှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များအား မေးမြန်းဆွေးနွေးခဲ့ပြီး၊ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးလက်တွေ့ စိုက်ပျိုးမှုအား သရုပ်ပြသကြသည်။
အဆိုပါ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်/ကြပ်အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဝေယံ(ပြန်/ဆက်)