တောင်ဥက္ကလာပ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ဥက္ကလာပမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်မုဒိတာစကားပြောကြားခဲ့ပြီး မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီအတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက ရပ်ကွက်စာကြည့်တိုက်များတွင် စာအုပ်စာစောင်များ စနစ်တကျ စာရင်းရေးသွင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရပ်ကွက်စာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် မြို့နယ်စာကြည့်တိုက်ကြီးကြပ်ကော်မတီများက ဝိုင်ဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသော မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရည်ညွှန်းစာကြည့်တိုက်နှင့် သုတဘဏ်စာကြည့်တိုက်တို့မှ စာကြည့်တိုက်မှူးများက ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် လစဉ်ပုံမှန်အစည်းအဝေးများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)