ဒဂုံအရှေ့ ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ဇွန် ၂၅ ရက်နေ့ နံနက် ၁၀ နာရီက Disaster Risk Management Of Myanmar &Practical Experiences အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားပြီး ဦးမောင်မောင်သန်း ညွှန်ကြားရေးမှူး(ငြိမ်း)သစ်တောဦးစီးဌာန၏ ကိုယ်ရေးအကျဥ်းကို ပထဝီပထမနှစ်ကျောင်းသား မောင်အောင်ပြည့်ဖြိုးကဖတ်ကြားခဲ့သည်။
ထို့နောက် ဦးမောင်မောင်သန်း ညွှန်ကြားရေးမှူး(ငြိမ်း)သစ်တောဦးစီးဌာနက Disaster Risk Management Of Myanmar & Practical Experiences ခေါင်းစဉ်ဖြင့် ဟောပြောပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ရာ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှတ်တရလက်ဆောင်ပစ္စည်းပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်/ဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ