မြစ်ကြီးနား ဇွန် ၂၇
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည် နယ်၊ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအဆင့်ထိ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ဒေသတွင်းလုပ်ငန်းရှင်များကိုပါ ထည့်သွင်းဖွဲ့စည်းပြီး မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ (၃)ရပ်နှင့် နည်းနာနိဿယ(၃)ရပ်တို့ကို ချမှတ်၍ အရှိန်အဟုန်ဖြင့် ဆောက်ရွက်လျက်ရှိပါကြောင်း၊ ထို့အတူ မိမိတို့ ကချင်ပြည်နယ်အတွင်း မှာလည်း မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မှတ်တမ်းများအရ စဉ်ဆက်မပြတ် ဖော်ထုတ်ဖမ်းဆီးရရှိမှုကို ကြည့်ခြင်းအားဖြင့် ကချင်ပြည်နယ် သည် မူးယစ်ဆေးဝါးအန္တရာယ် ကြီးမားနေဆဲဖြစ်သည်ကို ထင်ရှားနေပါကြောင်း၊ သို့ဖြစ်ပါ၍ လူ့စွမ်း အားအရင်းအမြစ်များ ကောင်းစွာ ရှင်သန်ကြီးထွားလာစေရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးကဏ္ဍ အားလုံးကို ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး ပြည်သူလူထုကို ခြိမ်းခြောက် နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှ မိမိတို့အားလုံးက နိုင်ငံ့အကျိုးအတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော (၃၈)ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများအန္တရာယ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံမှပေးပို့သော သဝဏ်လွှာအား ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေားရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ဖတ်ကြားသည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများအန္တရာယ်တားဆီးကာ ကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်း ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးမျိုးဆွေတို့က နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဖော်ထုတ်ဖမ်းဆီး ပေးခဲ့သော ရဲတပ်ဖွဲ့ဝင်များနှင့် ကိုယ်ကျိုးမဖက် တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြသော အရပ်ဖက်မှ လူပုဂ္ဂိုလ်များအား ပြည်နယ်မှူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများကိုအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကို ရိုက်ကူးခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ ကျောင်းသား/ကျောင်းသူများ၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက ခန်းမအတွင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်လှုပ်ရှားမှုဓာတ်ပုံပြခန်းအား ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း ပြည်နယ်လွှတ်တော်ရုံးနှင့်ကပ်လျက်ရှိသည့် ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်နိုင် စီစဉ်ဆောင်ရွက်လျက်ရှိသည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တရားလွှတ်တော်တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့် ဆောင်ရွက်ထားရှိမှုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် (၄/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားတင်ပြလာမှုများအပေါ် မိမိတို့အနေဖြင့် စိစစ်ဆောင်ရွက်ရာ တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ဦးစားပေး ဆွေးနွေးဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ တင်ပြလျှောက်ထားလာမှုများအပေါ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စိစစ်ဆွေးနွေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စိစစ်ဆွေးနွေး ဆောင်ရွက်သွားရမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး အဖွဲ့ဝင်အသစ်များဖြစ်သည့် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တစ်ဦးနှင့် တောင်သူလယ်သမားကိုယ်စားလှယ်တစ်ဦး တို့က မိတ်ဆက်တင်ပြကြကာ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်က စိုက်ပျိုးရေးလုပ်ငန်းများအတွက် တင်ပြလျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများနှင့် သီးခြားကိစ္စရပ် တစ်ခုချင်းအလိုက်တင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးသုံးသပ်တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများနှင့် သီးခြားကိစ္စရပ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်ဘောလုံးကွင်းသို့ သွားရောက်ပြီး ကွင်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်လက်ရွေးစင် ပြေးခုန်ပစ်အသင်း၏ နည်းပြနှင့် အုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများက အမျိုးသား/ အမျိုးသမီး မီတာ (၁၁၀) တန်းကျော် အပြေးပြိုင်ပွဲ၊ မီတာ ၄၀၀ နှင့် မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ သံပြားပစ်၊ မီတာ (၁၀၀) လက်ဆင့်ကမ်း အပြေးပြိုင်ပွဲများ စသည့် အားကစားနည်းအလိုက် စံချိန်ယူလေ့ကျင့်နေမှုများကို လည်းကောင်း၊ အဆို ပါကွင်းအတွင်း လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အသက် (၁၈)နှစ် အောက် ပြည်နယ် ဘောလုံးအသင်း၏ စခန်းသွင်းလေ့ကျင့်ရေးဆောင်ရွက်နေမှုများကို လည်းကောင်း၊ အားပေးကြည့်ရှု ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နည်းပြများနှင့် အုပ်ချုပ်သူများအတွက် ချီးမြှင့် ငွေကျပ် (၉)သိန်း၊ အားကစားသမား (၁၆)ဦးတို့အတွက် ငွေကျပ် (၁၆)သိန်းနှင့် အာဟာရထောက်ပံ့ ကြေးအဖြစ် ငွေကျပ် (၁၀)သိန်းနှင့် အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအတွက် အာဟာရထောက်ပံ့ကြေးအဖြစ် ငွေကျပ် (၁၀)သိန်း၊ ဝိုင်းဝန်းအားပေးကြသည့် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသူများအတွက် အာဟာရထောက်ပံ့ကြေးအဖြစ် ငွေကျပ် (၁၀)တို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)