မိုးနဲမြို့ နမ့်မော်ဆွမ့် အခြေခံပညာအလယ်တန်းကျောင်း၏ ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းအခမ်းအနား ကျင်းပ

မိုးနဲ ဇွန် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း(နမ့်မော်ဆွမ့်)၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျောင်းကွင်းပြင်နေရာ၌ ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများအားလုံးက ကျောင်းကောင်စီတေးသီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာကျော်က ကျောင်းကောင်စီကတိသစ္စာခံယူရခြင်းနှင့် စပ်လျဥ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌက ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းကိုလည်းကောင်း ဖတ်ကြားကြေညာခဲ့ပြီး ကျောင်းကောင်စီအဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူအားလုံးတို့က ကတိသစ္စာခံယူခဲ့ကြသည်။

ထို့နောက် ကျောင်းကောင်စီအသင်းကိုယ်စားလှယ်ဆရာမက အသင်းသား‌ခေါင်းဆောင်များ ကို တာဝန်အထိမ်းအမှတ်အလံများ ပေးအပ်ရာ တာဝန်ရှိသူများက အသင်းအလိုက်လက်ခံရယူကြပြီး နိုင်ငံတော်သီချင်းကို ကျောင်းဘင်ခရာတီးဝိုင်းဖြင့် စုပေါင်းသံပြိုင်သီဆို၍ အခမ်းအနားပြီးမြောက်ခဲ့‌ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)