ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ကလော ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက အောင်ပန်းမြို့မ၊ သမဝါယမအသင်းခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သဘာပတိဥက္ကဋ္ဌ ဦးအောင်စိန်က အဖွင့်မိန့်ခွန်း‌ပြောကြားခဲ့ပြီး ကလောမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းတို့က သမဝါယမအသင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှုဆောင်အဖွဲ့၏(၂၀၂၄-၂၀၂၅) ခုနှစ်အတွက် အမှုဆောင်အစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းများကိုအသင်း တာဝန်ရှိသူများက ဖတ်ကြားတင်ပြခဲ့ကြပြီး အသင်းသားများက လက်ခံ၍သဘာပတိက အတည်ပြုပေးခဲ့သည်။

ယင်းနောက် အသင်းသားအကြံပြုချက်များကို ဖတ်ကြားတင်ပြရာ သဘာပတိက မှတ်တမ်းတင်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)