ခရမ်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (P-fizer)ကို ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဦးခင်မောင်ရင်ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(P-frizer)ကို သံဃာတော်များ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူပြည်သူများ၊ ဝန်ထမ်းများနှင့် ကိုဗစ်(၁၉)ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီး၍ ၆လပြည့်ပြီးသည့် ပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ခရမ်းမြို့နယ်အတွင်း ပြည်သူ(၃၈၀၀)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက် ၁၃ ရပ်ကွက်၊ ကျေးရွာ ၅၃ အုပ်စုရှိရာ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောပြည်သူများအား ရပ်ကွက်/ကျေးရွာအလိုက် သတ်မှတ်ဆေးထိုးစုရပ်များတွင် ဆက်တိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခရမ်း (ပြန်/ဆက်)