ကျောက်တန်း ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ငလျင်အသိပညာပေးဟောပြောကို ကျောက်တန်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း(သော်က)ကျောင်း၌၂၄-၆-၂၀၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သန်လျင်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးHကံထူးမှ ငလျင်ဖြစ်ပေါ်မှုနှင့်ပတ်သက်ပြီး အသိပညာပေးများဆွေးနွေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများအား ငလျင်အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများအားပေးအပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ၊ သန်လျင်ခရိုင်၊ လက် ထောက်ညွှန်ကြားရေးမှူးဦးHကံထူးနှင့်တာ၀န်ရှိသူများ၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်ခင်သန်းဦး၊ ဌာနဆိုင်ရာများ၊ အမှတ်(၂) အခြေခံပညာအထက်တန်း(သော်က)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများကျောင်းသား/သူ(၃၀၀)ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
နေလင်းကျော်(ပြန်ဆက်)