ပျော်ဘွယ် ဇွန် ၂၆
ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်လုံရပ်ကွက်(အောင်သာကွက်သစ်)တွင် ယနေ့နံနက် ၁၁ နာရီခန့်က နေအိမ်တစ်လုံး မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အလျား(၁၄)ပေ၊ အနံ(၁၂)ပေရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂) ထပ် အဆောက်အဦနှင့် အိမ်သုံးမီတာတစ်လုံး လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၂)စီး အသုံးပြု၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အား သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)